ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျေးရွာများသို့ ကွင်းဆင်း၍ လူမှုရေးပင်စင်များအား အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျေးရွာများသို့ ကွင်းဆင်း၍ လူမှုရေးပင်စင်များအား အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်

 



MNP - ဇွန်   ၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးတွင် ပါဝင်သည့် သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရန်၊ လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား (၁၃)ဦးအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကွင်းဆင်းထောက်ပံ့ရာတွင် ဟိုပုံးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်င်္ဂီအောင်နှင့် ဝန်ထမ်းများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေလနှင့် ဇွန်လတို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ အတွက်  ကျပ် သုံးသောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ဟိုပုံးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၁၂၆ ဦးရှိပြီး ကျန်ရှိသည့် ဘိုးဘွားများအား သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)