မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်‌ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်‌ချေးပေး






MNP - ဇွန်  ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။


စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာဦးအောင်မြတ်မိုးနှင့် ဝန်ထမ်းများက မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို မေလအတွင်းမှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိကျေးရွာအုပ်စုပေါင်း(၁၇)အုပ်စုမှ လူဦးရေ(၅၃၆)ဦး၏ လယ်မြေ(၃၆၀၃)ဧက အတွက် တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၅၄၀,၄၅၀,၀၀၀)ကျပ်အား အဆင်ပြေချောမွေ့စွာထုတ်ချေးပေးနိုင်ခဲ့သည်။


မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စုမှ တောင်သူ(၆၀၈၄)ဦး၏ စပါးစိုက်ဧကပေါင်း(၃၈၀၄၀)ဧကမှ တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၅၇၀၆၀)သိန်းအား စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ သိရသည်။


သတင်း - ပေါက်စ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)