လွိုင်ကော်မြို့ပေါ်ရှိ ဓါတ်ဆီ၊ ဒီဇယ်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ် ဂါလံ ၊ လီတာများ ပြည့်မီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့ပေါ်ရှိ ဓါတ်ဆီ၊ ဒီဇယ်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ် ဂါလံ ၊ လီတာများ ပြည့်မီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

 


MNP - ဇွန်  ၄


စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂-၂၀၂၃ခုနှစ် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့မြေနီကုန်း ရပ်ကွက်ရှိ ပြည်အောင်ရတနာဆီဆိုင်၊ တော်ဝင်ဆီဆိုင် (၁)၊ တော်ဝင်ဆီဆိုင်(၂)နှင့် ထေးသမရပ်ကွက်ရှိ ရွှေသဇင်မိုး ဆီဆိုင်တို့၌ လွိုင်ကော်မြို့ပေါ်ရှိ ဓါတ်ဆီ၊ ဒီဇယ်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ် ဂါလံ၊ လီတာများ ပြည့်မီမှု ရှိ/မရှိ ကို မိတ်ဖက်ဌာနများဖြစ်သာ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။


ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အဆိုပါဆိုင်များ၌ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချ ဆောင်ရွက်လျက်ရှိပြီး အချိန်အတွယ် ဂါလံ၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၏ (၂၀)လီတာ စံခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှု ရှိကြောင်း တွေ့ရှိရသည်။


စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ကုန်စည်နှင့်စပ်လျဉ်း၍ အားမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း  အရည်အသွေးပြည့်မီ မှန်ကန်သည့် ပစ္စည်းများဈေးကွက်အတွင်း တင်သွင်း၊ ဖြန့်ဖြူးရောင်းချ ရန်လိုကြောင်း၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း တွေ့ရှိပါက ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း အရေးယူခံနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)