ရွှေတိဂုံစေတီတော်တွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတိဂုံစေတီတော်တွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်



MNP - ဇွန်   ၂


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်းတွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၆:၄၅) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဘိဇာတ အပါအဝင် သံဃာတော် ၁၈ ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ ရွှေတိဂုံစေတီတော် အလှည့်ကျဂေါပက ဦးဌေးလှိုင်နှင့် ဂေါပကအဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်း လူပုဂ္ဂိုလ် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဆရာတော် ဒေါက်တာဘဒ္ဒန္တကေလာသက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်အား ပင့်လျှောက်ပူဇော်ခြင်း၊ ဆရာတော် ဘဒ္ဒန္တသောဘဏက နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါစရိယ၊ စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ. စ. အ ဓမ္မာစရိယ   (ဝဋံသကာ) ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်ဘုရားကြီး) ထံမှ ငါးပါသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်စ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါ စရိယ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သ. စ. အ ဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော် ဘုရားကြီး) ထံမှ ပဋ္ဌာန်းတရား ရွတ်ပွါးစိတ်ထားနည်းနှင့် အကျိုးတရားများနာကြားခြင်း၊ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေလာသက မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာဂါထာ ဖတ်ကြားခြင်း၊ ဆရာတော်များနှင့် ပရိတ်သတ်အပေါင်းတို့က မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို စုပေါင်းရွတ်ဆိုခြင်းများပြုလုပ်ပြီး ၇:၃၀ နာရီ အချိန်မှစ၍ အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်အရှင်သူမြတ်က မဟာပဋ္ဌာန်းပါဠိတော်အား အသံမစဲစတင် ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း၊ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲအား ၃.၆.၂၀၂၂ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - မေသန္တာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)