တပ်ကုန်းမြို့၌ လက်ထောက်မူလတန်းပြ ဆရာအတတ်သင် လုပ်ငန်းခွင်ကြို ရက်တိုသင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့၌ လက်ထောက်မူလတန်းပြ ဆရာအတတ်သင် လုပ်ငန်းခွင်ကြို ရက်တိုသင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ



MNP - ဇွန်  ၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် လက်ထောက်မူလတန်းပြ ဆရာအတတ်သင်လုပ်ငန်းခွင်ကြို ရက်တိုသင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး (တာဝန်ပေး) လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆန်းက သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းနည်းပြ ဆရာ၊ဆရာမများ သင်ပြပို့ချကြတဲ့  ဘာသာရပ်ပညာများကို အလေးထားသင်ယူသွားကြရန်၊ မိမိတို့ တာဝန်ထမ်း ဆောင်ကြရမည့် ရပ်ကွက်၊ ကျေးရွာ အခြေခံပညာကျောင်းများရှိ  ကျောင်းသား ကလေးငယ် များကိုလည်း စာဖတ်တတ်၊ ရေးတတ်သည်သာမက လိမ္မာရေးခြား ပိုမိုရှိလာအောင် သင်ကြားပြသပေးစေရန်နှင့် လက်ထောက်မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင် ရမည့် ဆရာ၊ဆရာမ အသစ်များအား အလေးထားကြိုဆိုပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်အောင်ဌေးက သင်တန်းသားများလိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းခဲ့သည်။ ထိုသင်တန်းတွင် သင်တန်းသား (၁၆)ဦး၊ သင်တန်းသူ (၁၇၅)ဦး၊ စုစုပေါင်း (၁၉၁) ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ ဇွန် ၄ ရက်မှ ၁၀ ရက်နေ့ထိ  နည်းပြဆရာကြီး၊ ဆရာမကြီးများက ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ၊ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများ စသည်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်ယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)