ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 



MNP - ဇွန်   ၅


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲက ရွှေဒါးမဟာဗောဓိဘုရား ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။    


အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ကြပြီး၊ ကျွန်း(၁၂၀)ပင်၊ ပျဉ်းကတိုး(၁၅)ပင်၊ မ‌ဟော်ဂနီ(၅)ပင်၊ ခါတော်မှီတစ်ပင်၊ ယင်းမာ(၅၀)ပင်၊ ပိတောက်(၇၂)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ ကုက္ကို(၃၅)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။


ရမည်းသင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန်တို့ကို ရည်ရွယ်၍ စုပေါင်းစိုက်ပျိုးခဲ့ကြပြီးဆက်လက်၍. ဇွန်၂၁ရက်ကျရောက်မည့် ကမ္ဘာ့ရာသီဥတုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲများကို အစိုးရစက်မှုလက်သိပ္ပံကျောင်းဝန်းအတွင်း ကမ္ဘာ့ရာသီဥတုတိုက်စိုက်ပျိုးပွဲကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးထံမှ သိရသည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)