ဟားခါးမြို့ တော်လှန်ရေးရေကန်အဆင့်မြှင့် ပြုပြင်မွမ်းမံရမည့် အခြေအနေနှင့် ဝမ္မသူးမောင် အားကစားကွင်းရှိ နိုင်ငံတကာအဆင့်မီ မီတာ ၄၀၀ ရာဘာပြေးလမ်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့ တော်လှန်ရေးရေကန်အဆင့်မြှင့် ပြုပြင်မွမ်းမံရမည့် အခြေအနေနှင့် ဝမ္မသူးမောင် အားကစားကွင်းရှိ နိုင်ငံတကာအဆင့်မီ မီတာ ၄၀၀ ရာဘာပြေးလမ်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုစစ်ဆေး




MNP - ဇွန်   ၂၂


ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ တော်လှန်ရေးရေကန် အဆင့်မြှင့်တင် ပြုပြင် မွမ်းမံမည့် အခြေအနေ ကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က တော်လှန်ရေးရေကန်နှင့် ဘေးပတ်လည်ရှိ အများပြည်သူ အပန်းဖြေနိုင်အောင် ပန်းခြံအဖြစ် ဆောင်ရွက်ထားရှိမှုအခြေနေများကို ကွင်းဆင်းကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က တော်လှန်ရေးရေကန်နှင့် ပန်းခြံအဆင့်မြှင့်တင် ပြုပြင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား သည်။


အဆိုပါ တော်လှန်ရေးရေကန်သည် ၁၉၁၇ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့က ချင်းပြည်နယ်အတွင်းရှိ အမျိုးသားအားလုံး ပြင်သစ်နိုင်ငံသို့ ကူလီထမ်းဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ကို စော်ဘွား ဗန်မန်းနှင့် ၎င်း၏ ဇနီးတီလ်နှောန်း တို့ ဦးဆောင်၍ ပြည်သူများအနေဖြင့် အမိန့်မနာခံရန် စည်းရုံးဆောင်ရွက်ခဲ့သဖြင့် နယ်ချဲ့အင်္ဂလိပ်တို့က စော်ဘွား ဗန်မန်းနှင့် ၎င်း၏ ဇနီးတီလ်နှောန်း အပါအဝင် တော်လှန်ရေးတွင် ပါဝင်သူအားလုံး တစ်သက်တစ်ကျွန်း အမိန့်ချမှတ်၍ ရေကန်တူးဖော် ခိုင်းသည့် နေရာဖြစ်ပြီး အဆိုပါနေရာကို ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖပူးပေါင်း၍ အများ ပြည်သူ အပန်းဖြေသည့် နေရာအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဝမ္မသူးမောင်အားကစားကွင်းသို့ သွားရောက်ပြီး နိုင်ငံတကာ အဆင့်မီ မီတာ ၄၀၀ ရာဘာပြေးလမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ဝမ္မသူးမောင် အားကစားကွင်းအတွင်းရှိ နိုင်ငံတကာအဆင့်မီ မီတာ ၄၀၀ ရာဘာ ပြေးလမ်း ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်နှင့် အခြားအဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုအပ် သည့် အချက်များကို ရှင်းလင်းတင်ပြရာ ပြည်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)