Pages

Pages

မြေပုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား









MNP ၊  ဇွန် ၂    

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြေပုံမြို့နယ် ၌၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်း များစတင်ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်လုံးကျွတ်ကျောင်း‌(၁၇၃) ကျောင်း၌တစ်ပြိုင်တည်းစတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်တို့က အခြေခံပညာကျောင်းများသို့သွားရောက်၍ အေးချမ်းစွာပညာ သင်ကြားနေသော ကျောင်းသား/ကျောင်းသူများကိုလှည့်လည်ကြည့်ရှုကာ အားပေးစကားများပြော ကြားခဲ့ကြောင်းနှင့် ဆက်လက်၍ မြေပုံမြို့နယ်၌ အထကကျောင်း(၁၆)ကျောင်း၊ အထက(ခွဲ)ကျောင်း (၂၀) ကျောင်း၊ အလကကျောင်း(၁၃)ကျောင်း၊ အလက(ခွဲ) ကျောင်း(၂၇)ကျောင်း၊ အမက(လွန်) ကျောင်း(၂၇) ကျောင်း၊ အမကကျောင်း(၆၃) ကျောင်း၊ အမက(ခွဲ) ကျောင်း(၇)ကျောင်းစုစုပေါင်း (၁၇၃)ကျောင်းရှိ ကြောင့်နှင့် အခြေခံပညာကျောင်းများမှကျောင်း သား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား နိုင်ရန်အတွက်ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်သားမိဘများကကူညီဆောင်ရွက်ပေးလျက် ရှိပြီး‌ ကျောင်းအပ်နှံရန်ကျန် ရှိနေသော ကျောင်သား/ကျောင်းသူအားဆက်လက်ကျောင်းအပ်လက်ခံ‌ ပေးလျက် ရှိကြောင်းသိရသည်။


သတင်း  -  တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment