Pages

Pages

ဥတ္တရခရိုင်အတွင်း Oxygen Plant Container တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - ဇွန်   ၁


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း Oxygen Plant Container တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် နေပြည်တော် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက Oxygen Plant Container တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းနိုင်စိုးက နယ်မြေဒေသအခြေအနေများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများက Oxygen Plant Container တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား အသီးသီးဆွေးနွေးခဲ့ကြပြီး တိုင်းကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက ဖြည့်စွက်ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment