၂၀၂၂-၂၀၂၃ခုနှစ်၊ လယ်ယာကဏ္ဍစီမံကိန်းသီးနှံများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ခုနှစ်၊ လယ်ယာကဏ္ဍစီမံကိန်းသီးနှံများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - မေ   ၃၁


၂၀၂၂-၂၀၂၃ခုနှစ်၊ လယ်ယာကဏ္ဍစိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စီမံကိန်း တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန အစည်အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ တက်ရောက် လာကြသော ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများအနေဖြင့် လယ်ယာကဏ္ဍဆိုင်ရာ စီမံကိန်း သီးနှံများ စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုနှစ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိူးရေးအတွက် ကျေးရွာအုပ်စုများအနေဖြင့် စိုက်ဧကများ ပြည့်မီကျော်လွန်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိူးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစောဝင်းရွှေမှ ၂၀၂၂-၂၀၂၃ခုနှစ် လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများအနေဖြင့် မိုးစပါး (၅၂၆၄၂)ဧက၊ နွေစပါး(၁၄၅၄)ဧက၊ ပဲမျိူးစုံဆောင်းသီးနှံ (၈၁၆၄၀)ဧက၊ ဆီထွက်သီးနှံ မြေပဲ(၆၄၄)ဧက၊ နှမ်း(၂၄)ဧက၊ နေကြာ(၁၁၀၃၅)ဧက စိုက်ပျိူးမည် ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး သီးနှံအလိုက် စိုက်ပျိူးမည့်နည်းစနစ်၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိူးကောင်းမျိူးသန့်သုံးစွဲရေးဆိုင်ရာ နည်းပညာများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ လယ်ယာကဏ္ဍစီမံကိန်းသီးနှံများအား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၃)စု အုပ်ချူပ်ရေးမှူးများအား စီမံကိန်းတာဝန်လွဲပြောင်း ပေးအပ်ခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စိုက်ပျိူးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်မိုးနှင့် ဝန်ထမ်းများ၊  မြို့နယ် စိုက်ပျိူးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)