ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

 





MNP - ဇွန်   ၅


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့နယ် (၁၂)မြို့နယ်မှ ပြိုင်ပွဲ ဝင်အသင်း (၁၂)တို့အား  အမှာစကားပြောကြားသည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် အားက စားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များကို သက်ဆိုင်ရာအားကစားကွင်းများဖြင့် ရင်းနှီးကျွမ်းဝင်အောင်လေ့ကျင့်ကစားခွင့်ပြုရမည်ဖြစ်ကြောင်း၊အားကစားကဏ္ဍကိုအလေးထားမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ကချင် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် တန်ဖိုးရှိသော လူငယ်လူရွယ်များပေါ်ထွက်လာမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ ထို့အပြင်အားကစားကဏ္ဍဖြင့် တိုင်းပြည်၏ ဂုဏ်ကိုဆောင်နိုင်သော ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအားပေးစကားပြောကြားသည်။


ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဋ္ဌာန်ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်ကာ အားကစားပစ္စည်းများ ပေးအပ်သည်။ ထို့နောက် သရုပ်ပြအဖွဲ့များနှင့်ရိုးရာအကအဖွဲ့များက ပြိုင်ပွဲမစတင်မီ သရုပ်ပြ ဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုငွေ ပေးအပ် ချီးမြှင့်သည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ‌အဖွင့်ပွဲစဉ်အဖြစ် ဝိုင်းမော်အသင်းနှင့်ဆော့လော်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ဒေသခံများနှင့်အတူ ကြည့်ရှုအားပေးခဲ့ရာ ဂိုးမရှိသ‌ရေ ရလာဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အသင်း (၁၂)သင်း ဖြင့် အုပ်စု (၄)စု ခွဲကာ ယှဉ်ပြိုင်လျက်ရှိပြီး ‌ဗိုလ်စွဲသည့်အသင်းအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)