MNP ၊ ဇွန် ၂၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင် ကြီးကြပ်၍ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ဇွန် ၂၆ ရက် နံနက် ၉ နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် (၄)မိုင်ရပ်ကွက်ရှိပြည်သူများအား အိမ်ထောင်စု လူဦး ရေ စာရင်း နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တောမြို့နယ် ရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော (၄)မိုင်ရပ်ကွက်ရှိ လူဦးရေ အမျိုးသား (၄၄) ဦး နှင့် အမျိုးသမီး(၄၀)ဦး စုစုပေါင်းလူဦးရေ (၈၄)ဦးအား အိမ်ထောင်စု လူဦးရေ စာရင်း နှင့် အသက်(၁၀)နှစ်ပြည့် ၊ အသက်(၁၈) နှစ် ပြည့်ပြီး သူများအား နိုင်ငံ သား စိစစ်ရေး ကတ် ပြား များပြုလုပ်ဆောင်ရွက် ထုတ်ပေးခြင်း ၊ မှတ်ပုံတင် လဲ လှယ်ပေးခြင်း ၊ ပျောက် ဆုံး/ ပျက်စီး သူများကို မိတ္တူပြု လုပ်ပေးခြင်း ၊ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာ တာ ဝန်ရှိ သူများ နှင့် ပူးပေါင်းကာ ကွင်း ဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment