တန့်ယန်းမြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှည့်လည်ကြည့်ရှု




MNP - ဇွန်   ၆


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။


အခြေခံပညာကျောင်းများဖွင့်လှစ်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေလင်း၊ အတွင်းရေးမှူးရဲမှူး မျိုးနိုင်နှင့် တာဝန်ရှိသူများကအမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း များတွင် ကျောင်းသား ကျောင်းသူများပညာသင်ကြားနေမှု၊ စာသင်ခန်းများအခြေအနေ၊ ကျောင်းပတ်ဝန်းကျင် အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။


မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၂ ကျောင်း၊ မူလတန်း(လွန်)ကျောင်း ၂၂ ကျောင်း၊ မူလတန်းကျောင်း ၆၉ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၁၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်း စုစုပေါင်း (၁၂၄)ကျောင်း ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)