ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ





MNP ၊ ဇွန် ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနခန်းမတွင် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို  စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ၁ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါစာစီစာကုံးပြိုင်ပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးအောင်မှ အနာဂတ်တွင်ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်အနာဂတ်ပန်းကလေးများဖြစ်ပါကြောင်း၊ကျောင်းသား/သူ၊လူငယ်များအနေဖြင့်မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်းကိုသိရှိပြီးရှောင်ရှားနိုင်စေရန်နှင့်မူးယစ်ဆေးဝါးအကြောင်းကျယ်ကျယ်ပြန်ပြန့်လေ့လာနိုင်စေရန်အတွက်  မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားပြီးဘူးသီးတောင်မြို့အထက (၂)မှ ကျောင်းသား/ ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက ပြည်သူ့ စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ဖတ်မှတ်ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များအားကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)