လားရှိုးမြို့တွင်း လမ်းမကြီးနိုင်လွန်ကတ္တရာ(၄)လမ်းသွား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင်း လမ်းမကြီးနိုင်လွန်ကတ္တရာ(၄)လမ်းသွား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


MNP ၊ ဇွန် ၁၄ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့အဝင်မုဒ်ဦးမှ စတင်ကာ လားရှိုးမြို့အထွက် AT တံတားအထိမြို့တွင်းလမ်းပိုင်း၊ (၄)လမ်းသွားနိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မေလ(၂၂)ရက်နေ့မှ စတင်ကာဆောင်ရွက်နေကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်နေမှုများအား လားရှိုးမြို့ မြို့တော်ခန်းမရှေ့အဝိုင်းပတ်မှစတင်ကာ လားရှိုးမြို့အထွက် AT တံတားအထိ တစ်ဖက်လျှင်(၂၄)ပေအကျယ် နှစ်လမ်းသွားပါ (၄၈)ပေရှိ (၄)လမ်းသွား ကွန်ကရစ်လမ်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး Oriental Highway Co.,ltd က ပထမဦးစားပေးအနေဖြင့် လားရှိုးမြို့ ရေပန်းလမ်းဆုံမှ လားရှိုးကြီးမီးပွိုင့်အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု (၁၄.၄)ရာခိုင်နှုန်းအား ယနေ့နံနက်(၁၀) နာရီအချိန်က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(လားရှိုး)ကလည်း လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းက လမ်းနှင့် မလွတ်ကင်းသော ဆက်သွယ်ရေးတိုင်များ ရွှေ့ပြောင်းနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။


သတင်း - ဟန်ဌေး(လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)