မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်






MNP ၊  ဇွန်   ၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ပြုလုပ် ခြင်းကို  ယနေ့ နံနက် ၇ နာရီအချိန်က  မြို့မမြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာ မူလတန်းလွန်ကျောင်း တွင် ပြုလုပ်ခဲ့ကြရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် မြို့နယ် မီး သတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် တို့ ဦးစီး၍  ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းရှိ ဆရာ၊ဆရာမများက ကျောင်း သား/သူ များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရေး နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး အတွက်   မြို့မမြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာမူလတန်း လွန်ကျောင်း ဝင်း အ တွင်းရှိ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်း၍ စုပေါင်း သန့်ရှင်းရေး ပြု လုပ်ခဲ့ ကြ ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)