ညောင်လေးပင်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်




MNP - ဇွန်  ၅


သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က ညောင်လေးပင်မြို့နယ် အထက(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် စိုက်ပျိုးခြင်းဖြစ်ပြီး ကျွန်းပျိုးအိတ်ကြီး (၂၅၀)ပင်၊ ခရေပျိုးအိတ်ကြီး (၁၀၀) ပင်၊ ယူကလစ် (၅၀)ပင်၊ မန်ဂျန်ရှား(၅၀) ပင်နှင့်မဟော်ဂနီ(၅၀)ပင် စုစုပေါင်း(၅၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ညောင်လေးပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုစုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်၍ သစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - နီနီဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)