ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 



MNP - ဇွန်   ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ် နမ့်ဟိုင်းလုံကျေးရွာတွင်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အမှတ်(၂) သတ္တုတူးဖော်ရေးလုပ်ငန်းလက်အောက်ရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ (၅)ခုက လုပ်ကွက်(၇)ကွက်မှ စွန့်ပစ်မြေစာ(၃)ဧကပေါ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်လည်စိမ်းလန်းစိုပြေရေးတို့ကို အလေးထားသောအားဖြင့် သစ်ပင်များကို စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စွန့်ပစ်မြေစာများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစရေန် စွန့်ပစ်မြေစာများပေါ်၌ မန်ဂျာရှား(၈၁၀)၊ မယ်ဇလီ(၈၁၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။


ထို့ပြင် သတ္တုတူးဖော်မှုနှင့်စွန့်ပစ်မြေစာများကြောင့် ရေထုညစ်ညမ်းမှုမှကာကွယ်ရန် နမ့်ဟိုင်းလုံချောင်း ဝဲယာတစ်လျှောက် (၁၂)ပေ အမြင့်ရှိမြေထိန်းနံရံများကို တည်ဆောက်ပေးလျက်ရှိကြောင်း၊ ကျေးရွာရှိပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများကိုလည်း ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမှတ် ၂ သတ္တုတူးဖော်ရေးလုပ်ငန်းမှ သတ္တုတွင်း မန်နေဂျာတာဝန်ခံအရာရှိ ဦးတင်မောင်သန်းက ပြောကြားခဲ့သည်။


သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ တာလေတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး လင်းဇော်ဖြိုးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူ(၁၅၀)ဦးတို့က စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ယာဆေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)