ရွှေဘိုတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 







MNP - ဇွန်   ၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာနနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲကရွှေဘိုတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာOny One Earth(တစ်ခုတည်းသောကမ္ဘာမြေ)ဖြစ်ပြီး၊ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ဒုတိယတပ်နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မီးသတ်တပ်ဖွဲ့မှုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိူးဝင်းနှင့်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ဒုပါမောက္ခချုပ်ဒေါက်တာတင်တင်ရီ၊ပါမောက္ခများ၊ကထိကများ၊ သင်တန်းရေးရာဌာနမှူးများ၊ ဆရာဆရာမများကျောင်း သားကျောင်းသူများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်သစ်တောဦးစီး ဌာန အကြီးအကဲနှင့်ဝန်ထမ်းများ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အကြီးအကဲနှင့် ဝန်ထမ်း များတက်ရောက်ခဲ့ကြောင်းသိရသည်။


ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ၊ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှုး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိန်းရေး ဦးစီးဌာနမှုးတို့က တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲနှင့် ဒုပါမောက္ခချုပ်၊ ဌာနမှူးနှင့်ကျောင်းသား/သူများ ထံစိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက်စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ အမှတ်တရစုပေါင်းမှတ် တမ်း ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။


အဆိုပါမိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ပေအမြင့်ထက် သစ်ပျိုးပင်များဖြစ်သည့် သပြေဘူတ၊စိန်ပန်း၊မယ်ဇယ်၊ စွယ်တော်၊ ကသစ်၊ ယင်းမာ၊ ဒဟတ်၊ ကံ့ကော်၊ ခရေ၊ စိန်ပန်းပု၊ စုစုပေါင်း(၅၈၀) ပင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်များကို မီးသတ်ဦးစီးဌာနမှရေများ ဖျန်းပက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)