မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့်‌ အများပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့်‌ အများပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး





MNP - ဇွန်   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် အများပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက်(၈)နာရီအချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက်၊ ၃၈ လမ်းနှင့် အနော်ရထာလမ်းထိပ်၌ ဆန်၊ ဆီ၊ ကြက်ဥများကို သယ်ယူပို့ဆောင်ရေးနှင့်ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိရာ ဆန်(၅)ပြည်တစ်အိတ်လျှင် ၅၀၀၀/- ကျပ်၊ ပေါ်ဆန်းဆန်(၅)ပြည်တစ်အိတ်လျှင် ၈၅၀၀/-ကျပ်၊ ဆီ(၅၀)သားလျှင် ၂၉၀၀/-ကျပ်နှင့် ကြက်ဥ(၁၀)လုံးတစ်ကဒ်လျှင် ၁၇၀၀/- ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်းသိရသည်။


အဆိုပါဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်ခေါင်းဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ အဆင်ပြေစွာဝယ်ယူနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ရွှေဇင်ခိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)