ကလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် သင်ကြား

 




MNP - ဇွန်   ၂၁


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း (၁/၂၀၂၂) ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ဌာနယာဉ်မောင်းစစ်ဆေးရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာချိုက ဝန်ထမ်းများကို ရုံးလုပ်ငန်းများ ဆောင်ရွက်တွင် ဌာနနှင့် ပြည်သူလူထုအကြား နှစ်ဦးနှစ်ဖက်နားလည်မှုတစ်ရပ် ဖြစ်ထွန်းနေစေရန်နှင့် ပြည်သူလူထုအားထိရောက် မြန်ဆန်မှုရှိသော ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး ဦးတွာလ်ဆွင်းဗန်က ပြည်သူ့ဆက်ဆံရေးဘာသာရပ်မှ  ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပါယ်၊ ပြည်သူ့ဆက်ဆံရေး၏သဘာဝ၊ ပြည်သူ့ဆက်ဆံရေး၏ လုပ်ငန်းစဉ်များ၊ ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ၊ ပြည်သူ့ဆက်ဆံရေးတွင် သတိပြုရမည့်အချက်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။


အဆိုပါသင်တန်းတွင်၊ သင်တန်းနည်းပြဆရာ(၇)ဦးတို့က ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေး အခြေခံဝန်ဆောင်မှုပေးခြင်း၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေအရပ်ရပ်၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း၊ မေတ္တာအပြုံးနှင့် ကရုဏာနှလုံးသား၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆံရေးကဏ္ဍ စသည့် ဘာရပ်များ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၀.၆.၂၀၂၂ မှ၂၄.၆.၂၀၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)