ရသေ့တောင်မြို့၌အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ





MNP ၊ ဇွန် ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား ယနေ့ ညနေပိုင်းတွင်ကျင်းပပြုလုပ်သည်။


ထိုသို့ကျင်းပပြုလုပ်ရာတွင်ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ပြည်သူများအနေဖြင့်မူးယစ်ဆေးဝါးများ အကြောင်းကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်စေရန် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်းကိုသိရှိပြီးရှောင်ရှားနိုင်စေရန်အတွက် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ပိုစတာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ ပြသထားရှိပြီး မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အဖြစ်စာအုပ် ပြပွဲအား ပြသဆောင်ရွက်လျှက်ရှိရာ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များနှင့်ပြည်သူလူထုများ လာရောက်လေ့လာ ကြည့်ရှု့ ခဲ့ကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)