မိုးညှင်းမြို့၌ ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

 





MNP - ဇွန်   ၁၇


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က ခရိုင်အမျိုးသမီး ကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများ လက်ခံရယူပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် လိုအပ်ပါက ပြည်နယ်အမျိုးသမီး ကော်မတီသို့ တင်ပြခြင်း၊ ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီနှင့် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်နွယ်နွယ်အောင်က ကျား/မ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အကြမ်းဖက်မှု အကျိုးဆက်များ၊ အများဆုံး ဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု အမျိုးအစားများ၊ အကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းများ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များအား အသီးသီးမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)