နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်သို့ကြည့်ရှုစစ်ဆေးပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်သို့ကြည့်ရှုစစ်ဆေးပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်တွေ့ဆုံ




MNP ၊ ဇွန် ၁၅

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးသန့်က မွေးမြူရေးဇုန်ဖော် ဆောင်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေပြည်တော်အတွင်း လယ်/ယာမြေများအား အခြားနည်းအသုံးပြုခွင့်မရရှိဘဲ အဆောက်အဦများ၊ နေအိမ်များ၊ ပစ္စည်းများကို ကျုးကျော်ဆောက်လုပ်ခြင်း၊ စုပုံခြင်းမပြုလုပ်စေရေး လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတို့နှင့် တွေ့ဆုံမှာကြားသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်မှ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီများအနေဖြင့် လယ်/ယာမြေများပေါ်တွင် အခြားနည်းအသုံးပြုခွင့်မရရှိဘဲ အဆောက်အဦးများ၊ အခြားစီးပွားရေးလုပ်ငန်းများ ကျူးကျော်ဆောင်ရွက်ထားရှိမှုများအား ချက်ချင်းဟန့်တားအရေးယူဆောင်ရွက်ရန် ရှင်းလင်းအသိပေးပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတို့၏ တင်ပြချက်များကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လယ် ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး ဦးတင့်ခိုင်ဦးနှင့် သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတို့၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)