စစ်တွေမြို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ခုတင် ၅၀၀ ဆံ့ဆေးရုံ၌ ဆရာဝန်ကြီးများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေမြို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ခုတင် ၅၀၀ ဆံ့ဆေးရုံ၌ ဆရာဝန်ကြီးများနှင့်တွေ့ဆုံ


MNP ၊ ဇွန် ၁၃

ကျန်းမာရေးဝန်ကြီးဌာ၊  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြားကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ FDA ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ကုသရေးဦးစီးဌာနမှူး၊ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် စစ်တွေဆေးရုံကြီး လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ရခိုင်ပြည်နယ်အတွင်းရှိ ကျန်မာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း ကြိုးစားဆောင်ရွက်ချက်များအား ဝန်ကြီးဌာနအနေဖြင့် ဝမ်းသာအားရကျေနပ်မိပါကြောင်း၊ ကိုဗစ် အလွန်ကာလများတွင် စေတနာထားဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ဂုဏ်ပြုကျေးဇူးတင်ကြောင်းနှင့် ယခုလာရောက်ခြင်းသည်လည်း ရခိုင်ပြည်၏ ကျန်းမာရေးလိုအပ်ချက်များအား လာရောက်ဖြည့်စီးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာန များမှတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လိုအပ်ချက်များကိုဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဆေးရုံကြီးအတွင်း ဖျားနာဆေးကုသဆောင်နှင့် ပြင်ပလူနာဌာနတို့ကိုလှည့်လည် ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းသိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)