ထွန်စက်နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးစိုက်တောင်သူမျာ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ပြီး ငွေကုန်ကြေးကျသက်သာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထွန်စက်နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးစိုက်တောင်သူမျာ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ပြီး ငွေကုန်ကြေးကျသက်သာ



MNP - ဇွန်   ၁၅


ဇေယျာသီရိမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများ ထွန်စက်နောက်တွဲ မျိုးစေ့ချကိရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးစိုက်တောင်သူများ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ပြီး ငွေကုန်ကြေးကျ သက်သာလျက်ရှိကြောင်း သိရသည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု ကွင်းအမှတ် ၁၆၀၇ ကွင်းတွင် ထွန်စက်နောက်တွဲ မျိုးစေ့ချကရိယာဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကိုဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများ၏ တောင်းဆိုချက်အရ ဆက်လက်ထွန်ယှက် စိုက်ပျိုးလျက်ရှိရာ “ကျွန်တော်တို့ဒီနောက်တွဲချစက်ဖြင့် အခြောက်ထယ်ရေးတွင် စပါးမျိုးစေ့ချ စိုက်တာဆိုရင် ကျွန်တော်တို့တောင်သူတွေအတွက် မျိုးစေ့အလေအလွင့်မရှိပဲ မျိုးစေ့ကုန်ကျမှု သက်သာတယ်၊ အချိန်ကုန်သက်သာတယ်၊ ပြီးတော့လုပ်အားခလျော့ချနိုင်တဲ့အတွက် ကျွန်တော်တို့အတွက်တော့ ငွေကုန်ကြေးကျသက်သာတာပေါ့ဗျာ” ဟု ဇေယျာသီရိမြို့နယ် တောင်သူဦးသန်းဦး၏ ပြောပြချက်အရ သိရသည်။          


အဆိုပါထွန်စက်နောက်တွဲ မျိုးစေ့ချကိရိယာဖြင့် စပါး၊ ပဲတီစိမ်း၊ ပြောင်းနှင့် နေကြာ စသည့် သီးနှံများကိုစိုက်ပျိုးနိုင်ပြီး ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် အဆိုပါနောက်တွဲစက်ဖြင့် စိုက်ပျိုးလိုပါက စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၈) စက်မှုလယ်ယာစခန်း တပ်ကုန်းမြို့သို့ ဆက်သွယ်၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)