လားရှိုးမြို့၌၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၌၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ







MNP - ဇွန်   ၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပခဲ့ကြောင်းသိရသည်။


၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား လားရှိုးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Only One Earth” “တစ်ခုတည်းသော ကမ္ဘာမြေ” ဟု သတ်မှတ်ထားပါကြောင်း၊ ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့လူသားတို့အနေဖြင့် သဘာဝတရားကြီးနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာနေထိုင်ရန် လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှုများမှ တစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စွာနေထိုင်နိုင်ရေးအတွက် ရာသီဥတုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ သဘာဝနှင့်လိုက်လျောညီထွေစွာ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက် ကြစေလိုပါကြောင်းပြော ကြားခဲ့ပါသည်။


ထို့နောက် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video အားပြသခြင်း၊ (United Nation Environment Programme UNEP) ၏ Executive Director Ms. IngerAndersen's Video Message ပြသခဲ့သည်။


ဆက်လက်၍ လားရှိုးခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်ဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စတင်ဖြစ်ပေါ်လာပုံအကြောင်းတင်ပြခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ခွဲအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)