မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ဆောင်ရွက်



MNP -ဇွန်  ၂၂


ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကူးစက်မှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံဆောင်ရွက်ခြင်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်နေရပ်များ၌ ယနေ့နံနက် (၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ရွှေပေါက်ကံ ဝေဘာဂီစုရပ်ဆေးထိုးစင်တာ၌ အသက်(၆၅) နှစ်နှင့်အထက် ပြည်သူ(၁၇)ဦး၊ အသက်(၅၅)နှစ်နှင့်အထက်ရှိ ပြည်သူ (၇၄)ဦး၊ အသက်(၄၀)နှစ်နှင့်အထက်ရှိ ပြည်သူ (၃၁)ဦး၊ အသက်(၁၈)နှစ်နှင့်အထက်ရှိ ပြည်သူ (၈၈)ဦးတို့အား ထပ်ဆောင်းကာကွယ်ဆေး Booster (Covid Shield) ထိုးနှံခြင်းကို ပြည်သူများအား ဦးတည် အုပ်စုအလိုက် ထိုးနှံဆောင်ရွက်ခဲ့သည်။


မြောက်ဥက္ကလာပမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ရာနှုန်းပြည့် လွှမ်းခြုံမှုရရှိစေရန်   မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌ ဦးကပ်ကျော်၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - လှလှထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)