အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ


MNP ၊ ဇွန်  ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့်၂၀၂၂ ခုနှစ်၊အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအ မှတ်"သတင်းစကား" လက်ကမ်းစာစောင်များကိုယနေ့နံနက်ပိုင်းက  ငပလီမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများကသံတွဲခရိုင် ၊လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်ကျင်းပပြုလုပ်သောစာစီစာကုံးဆုပေးပွဲအခမ်းအနား၌တက်ရောက်လာကြသောဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများအား(အခမဲ့)လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ "သတင်းစကား" လက်ကမ်း စာစောင်တွင် ဝိုင်းဝန်းကာကွယ်မူးယစ် ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေး သုံးစွဲ ခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊မူးယစ်ဆေးဝါးပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊အမျိုးသားမူးယစ်ဆေးဝါးထိန်း ချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)၊မဟာ ဗျူဟာ(၃)ရပ်နှင့်ဘက်ပေါင်းစုံမှ တား ဆီးနှိမ်နင်းကာကွယ်ရေး စသည်တို့ အပြင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများပါဝင်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)