ဖြူးမြို့နယ်တွင် နေပီယာမြက် စိုက်ပျိုးခြင်းကို စိုက်ပျိုးမွေးမြူရေးသမားများနှင့် တောင်သူဦးကြီးများအား သရုပ်ပြသပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်တွင် နေပီယာမြက် စိုက်ပျိုးခြင်းကို စိုက်ပျိုးမွေးမြူရေးသမားများနှင့် တောင်သူဦးကြီးများအား သရုပ်ပြသပေး

 






MNP - ဇွန်   ၂၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂-ခုနှစ် မိုးရာသီတိရိစ္ဆာန် အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေပီယာမြက်စိုက်ပျိုးသရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက  ဖြူးမြို့နယ်၊ညောင်ကားယားကျေးရွာအုပ်စု၊ ဦးကြူစုကျေးရွာရှိ တောင်သူ ဦးထွန်း ဝင်းအောင်၏ လယ်မြေတစ်ဧက၌ကျင်းပခဲ့ကြောင်း သိရသည်။


တိရိစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးသရုပ်ပြပွဲဆောင်ရွက်ပေးရခြင်းမှာ စိုက်ပျိုးမွေးမြူရေး သမားများနှင့် တောင်သူဦးကြီးများ၏ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အစာအဟာရလုံလောက်စွာ ရရှိစေခြင်းဖြစ်ပြီး အသားဓါတ်ကြွယ်ဝစေခြင်း၊ အစာရှားပါးသည့် နွေရာသီတွင်  ခြံလှောင် မွေးမြူရိတ်ကျွေ နိုင်ခြင်းနှင့် ပိုလျှံသောနေပီယာမြက်များကို အစာချဉ်ဖတ်ပြုလုပ်၍ ကျွေးမွေးနိုင်စေသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်စေခြင်း၊ ဖြစ်ထွန်းမှုများပြီး အစာကုန်ကျစရိတ် လျော့ချနိုင်စေကာ စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့် မွေးမြူရေးလုပ်ငန်းမှ အမြတ်အစွန်း များစွာရရှိစေရေးအတွက်ရည်ရွယ် စိုက်ပျိုးစေခြင်းဖြစ်ကြောင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးငြိမ်းအောင်က ရှင်းလင်းပြောကြားသည်။


ထို့နောက် နေပီယာမြက် စိုက်ပျိုးသရုပ်ပြသရာတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးသမားများ၊ တောင်သူဦးကြီးများနှင့် ကျေးရွာပြည်သူများက တက်ရောက်၍ လက်တွေ့ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)