ပေါင်းတည်မြို့နယ်တွင် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် ၁၉- ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေ; - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ်တွင် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် ၁၉- ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေ;



MNP - ဇွန်  ၂၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ကြူတောကန်အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိရာ ဒုတိယအကြိမ်ထိုးနှံသူ (၂၂)ဦးနှင့် Booster dose ထိုးနှံသူ (၃၃)ဦး စုစုပေါင်း (၅၅)ဦးအား COVISHIELD ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ပေါင်းတည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ (၁၀၂၄၃၀) ဦးရှိပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၉၄၂၁၆) ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးသူ (၈၀၂၃၃) ဦး၊ Booster dose ကာကွယ်ဆေးထိုးပြီးသူ (၁၄၆၈၄) ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသူများအား သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


သတင်း - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)