MNP - ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ရေလုပ်သားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်အောင်က ပင်လယ်ကမ်းဝေး ငါးဖမ်းရေလုပ်သားများ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်း၌တာဝန်ရှိသူများက ရေလုပ်သား (၃၃)ဦးအား ရှေးဦးသူနာပြုစုနည်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနည်းလမ်းများနှင့် အရေးပေါ်မီးငြိမ်းသတ်နည်း၊ ငါးဖမ်းရေယာဉ်ပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေး အသိပညာပေးဟောခြင်းများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment