မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ပညာမသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူ များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ပညာမသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူ များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြား

 


MNP - ဇွန်  ၂၉


ဝါးခယ်မမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဗိုလ်မှူး မင်းထွဋ်၊ ရဲးမှူး ဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အကြောင်း အမျိုးမျိုး ကြောင့် ပညာမသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးကျောင်းသား၊ ကျောင်းသူများအား ဝါးခယ်မမြို့ အ.က.က(၂) အခြေခံပညာကျောင်းတွင် တွေ့ဆုံ အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပညာ မသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများ၊ အခက်အခဲအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား နီးစပ်ရာ ဆရာ၊ ဆရာမများနှင့် ချိတ်ဆက်၍ မိမိအခက်အခဲများကို အကူအညီတောင်း ဖြေရှင်နိုင်‌ရေးနှင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုပညာသင်နှစ်တွင် ကျောင်းနေအရွယ် ခလေးများအားလုံး ပညာ သင်ကြားနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ယခုပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ကိရိယာ များ၊ ဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)