ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေများပေးအပ်

 





MNP - ဇွန်   ၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်မှ ဒဏ်ရာရ လူနာများအား ပြင်ဦးလွင်မြို့နယ်ရှိ အမှတ်(၁)တပ်မတော်စစ်ဆေးရုံ ကုတင်(၇၀၀) တွင် ကုသပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးသည့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျောက်မဲခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ကိုဆန်းနှင့် တာဝန်ရှိ သူများ၊ ဒုတိယပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေး၊ ကျောက်မဲခရိုင် ပညာရေးမှူး ဦးကျော်ဆွေ၊ နောင်ချိုမြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းအေးတို့ ပါဝင်သောအဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူနာတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀၀,၀၀၀) တိတိ၊ ပြည်နယ်ပညာရေးမှူးရုံးမှ လူနာတစ်ဦးလျှင် ကျပ် (၁၀၀,၀၀၀) စုစုပေါင်း လူနာတစ်ဦးလျှင် ကျပ် (၆၀၀,၀၀၀) တိတိကို ဖြစ်စဉ်တွင်ဒဏ်ရာရရှိခဲ့သည့် လက်ထောက်မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ် (၁) ဦး၊ ဆရာ/ဆရာမ (၄) ဦးနှင့် အရပ်သား (၁) ဦး၊ စုစုပေါင်း  (၇) ဦးတို့အား အသီးသီးထောက်ပံ့ပေးအပ်ကာ အားပေးစကားပြောကြား၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါထောက်ပံငွေပေးအပ်ရာသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသန့်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)