မြို့သစ်မြို့နယ်အတွင်း မိုးရာသီတိရိစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ခင်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်အတွင်း မိုးရာသီတိရိစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ခင်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

 


MNP - ဇွန်   ၂၄


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြတ်လေးကုန်းကျေးရွာအုပ်စု၊ မြတ်လေးကုန်းကျေးရွာရှိ တောင်သူ ဦးကျော်လင်းထွန်း၏ (၂)ဧကစိုက်ကွင်းတွင် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် မိုးရာသီတိရိစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါက်တာလှလှပြုံး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် မြတ်လေးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးတို့သည် ယမန်နေ့က သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။


မြို့သစ်မြို့နယ်တွင် တိရိစ္ဆာန်အစာပင် (နေဗီယာမြက်) စိုက်ခင်းဧက (၁၄ဒသမ၈၅)ဧကခန့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)