ပြည်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ စစ်တုရင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ စစ်တုရင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP - ဇွန်   ၂၄


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပ‌သောဘာသာရပ်ပေါင်းစုံ စစ်တုရင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


ယင်းအားကစားပြိုင်ပွဲများတွင် ပြည်တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ‌သူများကို ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်သည်။


အဆိုပါအားကစားပြိုင်ပွဲများကို တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ရေးနှင့် ကာယာ၊ ဉာဏစွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ(၂၃)ရက်မှ(၂၄)ရက်အထိ ပြည်တက္ကသိုလ်အားကစားရုံ၌ (၂)ရက်ကြာကျင်းပခဲ့ကြောင်းနှင့် ယနေ့ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ သင်တန်းရေးရာဌာန၊ ဌာနမှူး၊ စီမံ/ဘဏ္ဍာ၊ ဌာနမှူး၊ ပြည်တက္ကသိုလ် အာကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း ယင်းတက္ကသိုလ် အားကစားနှင့်ကာယပညာ‌ကော်မတီ ဒုတိယဥက္ကဋ္ဌထံမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)