ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား






MNP ၊ ဇွန် ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌ သေ့တောင်မြို့နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကိုယနေ့ နံနက်ပိုင်းမှစတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၁၁)ကျောင်း၊ အ.ထ.ကခွဲ(၁၂)ကျောင်း၊ အ.လ.က(၂ဝ)ကျောင်း၊ အ.လ.ကခွဲ(၂၉)ကျောင်း၊ မူလွန်ကျောင်း(၄၅)ကျောင်း၊ အ.မ.က(၆၃)ကျောင်း၊ အ.မ.ကခွဲ(၁၂)ကျောင်း စုစုပေါင်း ၁၉၄ကျောင်းကို ယနေ့ ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်းသိရသည်။ထို့ပြင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြာင်း သိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)