နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၌ သဖန်းကိုင်းဆရာတော်မှ အနီးကပ်ကြီးကြပ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၌ သဖန်းကိုင်းဆရာတော်မှ အနီးကပ်ကြီးကြပ်သင်ကြား



MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း ၅၁ ရက်နေ့အဖြစ် ဇွန်လ ၁၁ ရက်နေ့တွင် သဖန်းကိုင်းပရဟိတ ဆရာတော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆရာတော်၏ကြီးကြပ်မှု၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၁ ဦးတို့ဖြင့် သင်ကြားပေးခဲ့ရာ တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများကလည်း စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြကြောင်း သိရသည်။


သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး ၂၁-၄-၂၀၂၂ မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉-၆-၂၀၂၂ ရက်နေ့တွင် သင်တန်းဆင်းပွဲကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေး ကိစ္စများကိုပါ စီစဉ်ဆောင်ရွက် ထားရှိပေးထားကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှသိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)