ဖျာပုံမြို့၌ ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌ ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 





MNP - ဇွန်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အထက(၁) ကျောင်း အောင်မြေခန်းမ၌ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သော" တစ်ခုတည်းသောကမ္ဘာမြေ" ဟူသောဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ၁၉၇၂ ခုနှစ်မှစတင်ကာ နှစ်စဉ်နှစ်တိုင်းကမ္ဘာ့နိုင်ငံအသီးသီးမှာကျင်းပပြုလုပ်လျက်ရှိကြကြောင်း မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံသူ၊ နိုင်ငံသားတိုင်းအနေဖြင့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ နှင့် ပုဒ်မ ၃၉၀( ခ)တို့ဖြင့်ထည့်သွင်းပြဋ္ဌာန်းထားသည့် "နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်၊ နိုင်ငံသားတိုင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်"ဆိုပြီး ပြဋ္ဌာန်းထားကြောင်းကမ္ဘာကြီး ရေရှည်တည်တံ့အောင် ဘယ်လိုပြုမူနေထိုင် လုပ်ဆောင်ကြရမည် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာအသိပညာပေးနံရံကပ် စာစောင်၊ နံရံကပ်ပြဘုတ်များနှင့်ဟောပြောပွဲများ ဆောင်ရွက်ပေးမူနှင့်ပတ်သက်၍ ပြောကြားသည်။


ထို့နောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးက ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သဝဏ်လွာအားဖတ်ကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Video အားပြသသည်။ ထို့နောက် ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားအား ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသူများ အားကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)