တာမွေမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာ အဆင့် ကျောင်းသား ကျောင်းသူ (၃၀၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာ အဆင့် ကျောင်းသား ကျောင်းသူ (၃၀၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး





MNP - ဇွန်   ၅


“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ အဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများ၌ ဆေးထိုးစုရပ် (၅)နေရာခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ (၃၀၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။   


“ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံတဲ့ ကလေးတွေကို သက်ဆိုင်ရာပုံစံမှာ ဖြည့်သွင်းခိုင်းပြီ မိဘအုပ်ထိန်းသူများရဲ့ သဘောဆန္ဒကို ရယူပါတယ်။ ကျွန်တော်တို့ တာမွေမြို့နယ်မှာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၂) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၃၄) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၊ GENIUS ကိုယ်ပိုင်အထက်တန်းကျောင်း စသည့် စုရပ်(၅)နေရာခွဲပြီး ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီ ကိုဗစ် ကာကွယ်ဆေးထိုးတာ အလွန်ကောင်းပါတယ်။ ကလေးတွေအနေနဲ့လည်း ကိုယ့်ဆီကလည်း သူများကို ရောဂါ မကူးစက်နိုင်သလို၊ အခြားသူတွေဆီကလည်း မကူးစက်နိုင် တော့ပါဘူး။ ကလေးတွေအနေနဲ့ ကာကွယ်ဆေး ထိုးထားတယ်ဆိုပြီး  နှာခေါင်းစည်း တပ်ထားဖို့တော့ လိုအပ်ပါတယ်။ ဒါကို ကလေးမိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေမှာ နှာခေါင်းစည်းတပ်တဲ့ အမူအကျင့်ဖြစ်လာအောင် လေ့ကျင်ပေးစေချင်ပါတယ်” ဟု တာမွေမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။


အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ တန်းစီ စောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ (၅၈၀၀)ဦးအထိရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ (၃၀၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအား ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိပါသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)