မော်လိုက်မြို့၌ တိုက်ပွဲရှောင်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ တိုက်ပွဲရှောင်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ်

 


MNP - ဇွန်  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တိုက်ပွဲရှောင်ရောက်ရှိလာသည့် အိမ်ထောင်စုများ အတွက် ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မဘုန်းတော်ကြီး ကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက တိုက်ပွဲရှောင်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄) မျိုး ထောက်ပံ့ပေးအပ်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက တိုက်ပွဲရှောင် ရောက်ရှိလာသည့် တပ်ကုန်းကျေးရွာ၊ ယောစုကျေးရွာမှ အိမ်ထောင်စုများအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုက်ပွဲရှောင်ရောက်ရှိလာသည့် ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည့် ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ တိုက်ပွဲရှောင်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ရိက္ခာ(၄)မျိုး ထောက်ပံ့ မှုအနေဖြင့် အိမ်ထောင်စု(၈)စုမှ လူဦးရေ(၂၁)ဦးတို့အတွက် စုစုပေါင်း ဆန်(၁၂၆)ပြည်၊ ဆီ (၅ ပိဿာ ၂၅ ကျပ်သား)၊ ဆား (၄)ပိဿာနှင့် ပဲ(၂၁)ပိဿာဖြစ်ကြောင်းနှင့် တန်ဖိုးငွေကျပ် (၂၇၆၉၀၀) ရှိကြောင်း သိရသည်။


သတင်း- မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)