ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

 




MNP - ဇွန်   ၁၂


ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ်အသင်းနှင့် ဆော့လော်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။


ထို့သို့ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြရာ မြစ်ကြီးနားမြို့နယ်အသင်းက ဆော့လော်မြို့နယ်အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်က ပြည်နယ် ဘောလုံးအဖွဲ့ဆပ်ကော်မတီအဖွဲ့ဝင်များ၊ လူရွေးချယ်ရေးဆပ်ကော်မတီ အဖွဲ့ဝင်များနှင့် ဒိုင်အဖွဲ့တို့အတွက် လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က နေရာအလိုက် အကောင်းဆုံးကစားသမားဆုရသူများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ ကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က တတိယဆုရ ဗန်းမော်မြို့နယ်အသင်းအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က ဒုတိယဆုရ ဆော့လော်မြို့နယ်အသင်းအတွက် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပထမဆုရ မြစ်ကြီးနားမြို့နယ် အသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ ဘောလုံးအသင်း (၁၂)သင်းတို့က ဇွန် ၃ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက် ကချင်ပြည်နယ် လက်ရွေးစင်အသင်းကို လူရွေးချယ်ခဲ့ကြောင်းနှင့် အဆိုပါ လက်ရွေးစင်အသင်းအား ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီတို့မှ စခန်းသွင်း လေ့ကျင့်ပေးထားမည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)