ရမ်းဗြဲမြို့နယ်၌ တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြ ဆောင်ရွက်


MNP ၊  ဇွန်  ၂၇

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက လက်ပန်ကျေးရွာအုပ်စု၊ လက်ပန်အညာကျေးရွာရှိ တောင်သူ ဦးအောင်ဆန်းဝင်း၏ မြေနေရာတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရမ်းဗြဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအုန်းမြင့်ကျော်(ဒုတိယဦးစီးမှူး)နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လ/ထဦးစီးမှူး ဦးဝင်းဗိုလ်၊ လက်ပန်အညာကျေးရွာသူ/ကျေးရွာသားများ၊ တောင်သူ ဦးအောင်ဆန်းဝင်းနှင့် မိသားစုဝင်များက ပူးပေါင်းပါဝင်ပြီး တိရစ္ဆာန်အစာပင် နေဗီမြက်များကို (၁)ဧက စိုက်ပျိုးခဲ့ကြသည်။ 

ထိုသို့ တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ ရိတ်ကျွေးစနစ်ဖွံ့ဖြိုးလာစေ မည်ဖြစ်ကြောင်း၊ အာဟာရတန်ဖိုး မြင့်မား သော မြက်မျိုး စိုက်ပျိုးကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များ ကြီးထွားနှုန်း မြင့်မားလာစေ ကာ ထုတ်လုပ်မှုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အစာကုန်ကျစရိတ်သက်သာခြင်း တို့ကြောင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - သိန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)