မြစ်ကြီးနားမြို့၊ မန်ခိန် အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ နှစ်ထပ်စာသင်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၊ မန်ခိန် အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ နှစ်ထပ်စာသင်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား

 



MNP - ဇွန်   ၁၅


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့  မန်ခိန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မန်ခိန်)အတွင်းရှိ နှစ်ထပ်စာသင်ကျောင်းဆောင်ဟောင်းအား မသမာသူတစ်စုမှ မီးရှို့ခဲ့သဖြင့် ဇွန် ၁၅ ရက် နံနက် ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူထွန်းထံမှ သိရသည်။


အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ၁၀၀ × ၃၀ ပေ ၊ သွပ်မိုး၊ အုတ်ညှပ် ၊ အုတ်ခင်း နှစ်ထပ်စာသင်ဆောင်ဟောင်း အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ပြည်နယ်မီးသတ် တပ်ဖွဲ့ရုံးမှ ဦးစီး၍ ခရိုင်၊ မြို့နယ်၊ နယ်မြေ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။


မီးရှို့ဖျက်ဆီးသူများအား အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။


သတင်း - မျိုးမြင့်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)