MNP ၊ ဇွန် ၂၈
ဘီးလင်းမြို့နယ်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇုတ်သုတ်ကျေးရွာ အခြေခံပညာ အထက် တန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရ သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဘီးလင်းမြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ဇူးဇူးလွင် က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အကြောင်း မိတ်ဆက် ပြောကြားပြီး အားကစား၏ အဓိပ္ပါယ်နှင့် အားကစား အမျိုးအစားများ၊ ပညာရေးနှင့်အားကစား၊ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာစေ မည့်အကျိုးကျေးဇူးများကို ပညာပေးဟော ပြောခဲ့သည်။
ဟောပြောပွဲသို့ ဇုတ်သုတ် အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦး ခန့်တက်ရောက်ခဲ့ပြီး အပြန်အလှန်မေး မြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost

No comments:
Post a Comment