စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ







MNP ၊  ဇွန်   ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင် က ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အထက်တန်းအဆင့် ကျောင်းသူ(၂)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၃) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၈) ဦး တို့အား ပညာသင်ထောက်ပံ့ကြေးနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။ 


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  ကျောင်းသားတစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေး ငွေကျပ်(၄၀၀၀၀)၊  ထီး(၁)ချောင်း၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါဇင်၊ ကျောင်းဝတ်စုံ(၁)စုံစီ အတွက် စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေ ကျပ်(၁၉၅၀၀၀)ဖြစ်ကြောင်း သိရသည်။ 


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)