ရွှေကျွန်းဧရာအဝေးပြေးကားကြီးကွင်း တည်ဆောက်ရေးကော်မတီမှ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျွန်းဧရာအဝေးပြေးကားကြီးကွင်း တည်ဆောက်ရေးကော်မတီမှ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး





MNP ၊ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် မြိုနယ်ရှိ ရွှေကျွန်းဧရာအဝေးပြေးကားကြီးကွင်းတည်ဆောက်ရေးကော်မတီမှ  ကားကြီးကွင်းအတွင်းရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ယာဉ်ပိုင် ရှင်များ၊ဂိတ်မှူးများနှင့်ဆွေးနွေးညှိနှိုင်းပွဲကို ဇွန်လ(၁၅)ရက် ညနေ့(၃)နာရီ အချိန် ခန့်တွင် ကားကြီးကွင်းရှိ မစကရုံးတွင်ပြုလုပ်သည်။

ယင်းဆွေးနွေးပွဲတွင် ကားကြီးကွင်းတည်ဆောက်ရေးကော်မတီအဖွဲ့များ အင် ဂျင်နီယာများ၊ယာဉ်ပိုင်ရှင်များ၊တာဝန်ခံဂိတ်မှူးများတက်ရောက်ကြသည်။ ရှေ့ဦးစွာ ကားကြီးကွင်းတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒေါက်တာလှဟန် က ကားကြီးကွင်းရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များအား မိမိတို့မြို့နယ်တွင် အခုလိုကားကြီးကွင်းဖြစ်မြောက်အောင်တည်ဆောက်ခဲ့ခြင်းနှင့်လုပ်ငန်းရှင်များအနေဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်နားလည်မူ့ရှိစွာ လုပ်ကိုင်ဆောင်ရွက်ကြရန်အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဆက်လက်၍ ကားကြီးကွင်းတည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်မောင်က ကားကြီးကွင်း တည်ဆောက်နိုင်ရေးနှင့်ဆောင်ရွက်ခဲ့ခြင်းများနှင့်ပတ်သတ်၍           "ကျွန်တော်တို့ကားကြီးကွင်းတည် ဆောက်ရေးကော်မတီအနေဖြင့်ကားကြီးကွင်းအတွင်း ဂိတ်ခန်း ၊ဆိုင်ခန်း များအား ကျူးကျော်ဆောက်ထားမှုများ ဖျက်သိမ်းပေးပါရန် မော်လမြိုင်ကျွန်းမြို့နယ်၊ရွှေကျွန်းဧရာတည်ဆောက်ရေးကော်မတီပိုင်ဖြစ်သော မော်လမြိုင်ကျွန်း မြို့နယ်၊တယ်ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃ဝ၁) ၊နတ်မင်းကြီးကွင်း၊ဦးပိုင်အမှတ်(၃၄/၁-၃၄/၂) လယ်မြေမျိုးR 3 - ဧရိယာ (၂.၃၃) ဧကရှိမြေအား လယ်ယာမြေဥပဒေပုဒ်မ (၃ဝ)ကအရ အဝေးပြေး ကားကွင်းမြေနေအဖြစ်အသုံးပြုရန်လျှောက်ထားပြီး ဂိတ်ခန်း၊ဆိုင်ခန်းများအား(၂၀၁၄)ခုနှစ်မှစတင်၍ ၊အလျား (၁၂ဝ)ပေ၊ အနံ(၃၄)ပေ၊ အမြင့်(၁၈)ပေအာစီကွန်ကရစ် (၁ )ထပ်ခွဲ ဆိုင်ခန်း(၁၆) ခန်းနှင့်၊(၁၅)ပေ(၄၀)ပေ၊အမြင့် (၁၉)ပေ၊ဆိုင်ခန်း၊ဂိတ်ခန်း(၁၂)ခန်း၊ အလျား (၁၀) ပေ၊အနံ(၁၅)ပေ၊ အမြင့်(၁၄)ပေ၊ ဂိတ်ခန်းဆိုင်ခန်း(၈)ခန်း၊စုစုပေါင်း (၃၆)ခန်းအား ၊ ကားကြီးကွင်းတည်ဆောက်ရေးကော်မတီမှ မြေဧရိယာဆိုင်ခန်း ဂိတ်ခန်းများကိုပေအတိုင်းအတာဖြင့် ရောင်းချပေးပြီး၊ ကားများရပ်နားရန်မြေနေရာများအားချန်လှပ် ၍ ရောင်းချ ခဲ့ပါသည်။ ယခုအခါ မိမိဝယ် ယူထားသောဂိတ်ခန်း၊ဆိုင်ခန်းများ မြေဧရိ ယာများအပြင် တိုးချဲ့တည် ဆောက်နေ သည်ကို တွေ့ရှိရပါသဖြင့် ဂိတ်ခန်း၊ဆိုင်ခန်းမြေနေရာများ ဝယ်ယူထားသည့် ပုဂ္ဂိုလ်များမှ မိမိတို့ဝယ်ယူထားသော ဧရိ ယာအတွင်းမှသာ လက်မှတ်ရောင်းခြင်း ဈေးရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် ကျူးကျော် တည်ဆောက်ထားမှုများအား အမြန်ရှင်းလင်းဖျက်သိမ်းပေးရန် နှင့်ထပ်မံကျူးကျော်တည်ဆောက်ခြင်း မပြုလုပ်ကြရန် အသိပေး ပြောကြားခဲ့သည်။

ထို့နောက် ယာဉ်ပိုင်ရှင်များ ဂိတ်မှူးများအနေဖြင့်ကားကြီးကွင်းအတွင်း မိမိတို့ကြုံတွေနေရသော အခက်အခဲများကို တင်ပြကြရာ ကားကြီးကွင်းအတွင်း ချိုင့်ခွက်များဖြစ်ပေါ်နေခြင်း ၊ယာဉ်ရပ်နားနေရာ လုံးလောက်စွာမရရှိခြင်း၊ လက်မှတ်ရောင်းရန်နေရာများ သတ်မှတ်ပေးစေလိုခြင်းများ တင်ပြကြသည်။ 

ကော်မတီအဖွဲ့မှ ၎င်းတို့အနေဖြင့်ဆောင်ရွက်ပေးနိုင်သည်များကို ချက်ခြင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ကော်မတီအဖွဲ့မှဆောင်ရွက်ရန် အခက်အခဲရှိသည့်ကိစ္စရပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြကာ ညွန့်ကြားသည့်အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့မြို့နယ်ရှိအဝေး ပြေးကားကြီးကွင်းအား တစ်နှစ်ထက်တစ်နှစ်ပိုမို့တိုးတက်ကောင်းမွန်းလာရန်အ တွက် ကားကြီးကွင်းကော်မတီများနှင့်အတူ ယာဉ်ပိုင်ရှင်များမှလည်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းပြောကြားပြီး ဆွေးနွေးပွဲကိုညနေ(၄)နာရီခွဲအချိန့်တွင်ပြီမြောက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)