တမူးမြို့တွင် ခရိုင်/မြို့နယ် တရားရုံးများ မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တမူးမြို့တွင် ခရိုင်/မြို့နယ် တရားရုံးများ မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ်



MNP - ဇွန်   ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နိုင်ငံတစ်ဝန်း မှုခင်း စီမံခန့်ခွဲမှုအစီအစဉ် (NCMP)အရ ခရိုင်/မြို့နယ်တရားရုံးများ စီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှင်းလင်းဆွေးနွေးပွဲတွင် တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က အမှာစကားပြောကြားပြီး ခရိုင်တရားသူကြီး ဦးလှဦးက မှုခင်းစီမံခန့်ခွဲမှုအကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ခရိုင်တရားသူကြီးမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။


အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)