၂၀၂၂-၂၀၂၃ ပညာသင်နှစ် နတ်မောက်မြို့နယ်တွင် လက်ထောက်မူလတန်းပြရက်တို မွမ်းမံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နတ်မောက်မြို့နယ်တွင် လက်ထောက်မူလတန်းပြရက်တို မွမ်းမံသင်တန်းဖွင့်လှစ်



MNP - ဇွန်   ၄


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြ ရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးဝင်းက ပြောကြားရာတွင် သင်တန်းသား/သူများ အနေဖြင့် ဆရာ/မ စိတ်ဓာတ်များထားရှိရန်၊ သင်တန်းစည်းကမ်းများလိုက်နာကြရန်၊ သင်တန်းတွင် ပို့ချသည့်ဘာသာရပ်များစိတ်ပါ ဝင်စားစွာလိုက်နာရန်တို့ကို ပြောကြားခဲ့သည်။အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၈၃)ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ဇွန်လ (၄) ရက်နေ့မှ (၁၀)ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်ကြားပေးသည့်ဘာသာရပ်များမှာ ပညာဘာသာရပ်၊ စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ကာယပညာဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကြီးကြပ်အကဲဖြတ် ဘာသာရပ်စသည့်တို့ကိုသင်ကြားပေးသွားမည်ဖြစ်သည်။


အဆိုပါ လက်ထောက်မူလတန်းပြရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများနှင့် သင်တန်းသား/ သူများ တက် ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပိုု့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)