မြောင်းမြမြို့ မူလတန်း(လွန်) ဘုရားချောင်း(ရပ်)ကျောင်း၌ ကျောင်းဆောင်သစ်ပန္နက်တင် အခမ်းအနားကျင်းပမြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့ မူလတန်း(လွန်) ဘုရားချောင်း(ရပ်)ကျောင်း၌ ကျောင်းဆောင်သစ်ပန္နက်တင် အခမ်းအနားကျင်းပမြေ

 



MNP - ဇွန်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မူလတန်း(လွန်) ဘုရားချောင်းကျောင်း၌  ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့န့နက်(၉:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပန္နက်တင်ရန် မင်္ဂလာအချိန်တွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်တို့က ရွှေပန္နက်၊ ငွေပန္နက်များ ရိုက်ပေးခဲ့ကြပြီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့်ခ ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရွှေအုတ်၊ ငွေအုတ်များ အုတ်မြစ်ချပေးခဲ့ပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ ကျောင်းဆောင်သစ်အား ၁၂−၆−၂၀၂၂ ရက်နေ့တွင် ပန္နက်တင်၍ စတင်ဆောက်လုပ်မှာဖြစ်ပြီး အလျား ၆၀ပေ×အနံ၃၀ပေ ရှိသည့် Steel   Structure တစ်ထပ် ကျောင်းဆောင် အမျိုးအစားဖြစ်ပြီး၊ ကျောင်းသားကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၏ စီမံဦးစီးမှုဖြင့် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ လှူဒါန်းမှုများ၊ အခြားအလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောက်လုပ်သည့် ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းဆောင်သစ်ကို Myat Diamond  Star ကုမ္ပဏီမှ ဦးကျော်စိုးဝင်းက ကူညီဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)